Empower Youths

YOUTH EMPOWERMENT PROGRAM

လူတိုင်းမှာ ခေါင်းဆောင်ဖြစ်ဖို့အရည်အချင်း မွေးကတည်းကပါလာကြပါတယ်။ လူငယ်ဖြစ်ခြင်းရဲ့အားသာချက်ကတော့ စွန့်စားနိုင်ခြင်းပါပဲ။ အလုပ်ရှာမလား။ Career လမ်းကြောင်း တည်ဆောက်မလား။ ကိုယ့်ကိုယ်ကိုယ်တာဝန်ယူတတ်အောင် လေ့ကျင့်မလား။ ငါဘယ်သူလဲဆိုတာကို သေချာရှာဖွေစူးစမ်းမလား။ ဒီနေ့ရဲ့စိန်ခေါ်မှုနဲ့အခက်အခဲတွေက မနက်ဖြန်အတွက် အတွေ့အကြုံနဲ့အရင်းအနှီးတွေဖြစ်လာတဲ့အတွက် ဘာပဲလုပ်လုပ် ၁၀၀%အပြည့်လုပ်နေဖို့လိုပါတယ်။

Youth Empowerment Program ၏ဦးတည်ချက်မှာ လူငယ်များကိုခွန်အားပေးခြင်းဖြစ်ပြီး လုပ်ငန်းခွင်ဆိုင်ရာ၊ မိမိကိုယ်မိမိဖွံ့ဖြိုးတိုးတက်မှုနှင့်သက်ဆိုင်တဲ့ မတူညီတဲ့ Webinar အစီအစဉ်များကို ပြုလုပ်ပေးလျက်ရှိပါတယ်။

Creating Abundant Job Opportunities

အလုပ်ပေါများအောင်ဖန်တီးခြင်း

Career Focus | Webinar | Zoom

ပြိုင်ဆိုင်မှုများတဲ့၂၁ ရာစုမှာ အခုခေတ်လူငယ်တွေက အရင်ခေတ်ကထက်စာရင် စိတ်တိုင်းကျအလုပ်တစ်ခုရဖို့ခက်ခဲလာကြပါတယ်။ သင်ထားတဲ့ပညာရပ်နဲ့ကိုက်ညီပြီး ကိုယ်တိုင်လည်းစိတ်အားထက်သန်တဲ့အလုပ်တစ်ခုရဖို့က ပိုခက်ခဲပါတယ်။ ဒါပေမယ့် မဖြစ်နိုင်တာတော့မဟုတ်ပါဘူး။

"အလုပ်ပေါများအောင်ဖန်တီးခြင်း"အစီအစဉ်မှာ -

  • ကိုယ်ကဘယ်လိုအလုပ်ကို စိတ်အားထက်သန်တာလဲ။
  • ကိုယ်လိုချင်တဲ့အလုပ်ရဖို့ ဘယ်လိုဖန်တီးရမလဲ။
  • အခွင့်အရေးရလာခဲ့ရင် အလုပ်ဘယ်လိုလျှောက်ရမလဲ။
  • အင်တာဗျူးမတိုင်ခင်ကနေ အင်တာဗျူးဖြေပြီးတဲ့အထိ ဆောင်ရန်ရှောင်ရန် to-do list တွေကိုပါပြောပြပေးသွားမှာဖြစ်လို့ ရှေ့ဆက်လျှောက်မယ့်အနာဂတ်အတွက် အဖြေရှာနေတဲ့လူငယ်တိုင်း လာရောက်နားထောင်ဖို့ဖိတ်ခေါ်ပါတယ်။

ဘယ်သူတွေနားထောင်သင့်သလဲ။

  • အလုပ်ရှာနေသောသူများ
  • လက်ရှိအလုပ်မှာ မပျော်မွေ့နေသူများ
  • အလုပ်လျှောက်တိုင်း မအောင်မြင်သူများ
  • မိမိအတွက်အလုပ်ရှားပါးနေသည်ဟု ခံယူထားသူများ
  • ဘာအလုပ်လုပ်ရမလဲမသိသောသူများ

ရရှိမည့်အကျိုးကျေးဇူးများ

  • မိမိကိုယ်မိမိယုံကြည်မှုတိုးလာမယ်။
  • ကိုယ်လိုချင်တဲ့အလုပ်ပေါများလာအောင် ဖန်တီးတတ်လာမယ်။
  • အလုပ်ဘယ်လိုလျှောက်ရမလဲ။
  • အလုပ်လျှောက်တဲ့အခါ ဘာတွေထည့်စဉ်းစားမလဲ။
  • အလုပ်လျှောက်ဖို့သွားတဲ့အခါ ထားရှိရမယ့်ခံယူချက်စတဲ့အကြောင်းအရာများကို သိရှိရမှာဖြစ်ပါတယ်။

Upcoming: Creating Abundant Job Opportunities

Time: 8:00-9:00 PM (Yangon Time)
Date: March 31, 2022 (Thursday)
Fee: 3,000 MMK
Language: Burmese

Zoom platform မှတဆင့်သင်ကြားပါမည်။
REGISTER NOW

အမေးများသောမေးခွန်းများ

Updated on March 24, 2022.
Handbook ပေးလား။
ဘယ်လို feedback တွေရှိသလဲ။
သင်တန်းဘယ်လိုအပ်ရမလဲ။

Stay in Touch

Thank you! Your subscription has been received!

Oops! Something went wrong while submitting the form