Special In-Person Class

LIVING BEING MINDFUL @Yangon

သတိနှင့်နေထိုင်ခြင်း

Inner Well-Being Course | In-Person Class | Yangon, Myanmar

"နေကောင်းလား" လို့မေးခံရတဲ့အခါ ခန္ဓာကိုယ်နေကောင်းပါတယ်၊ စိတ်နေကောင်းပါတယ်လို့ခွဲခြားပြီးပြန်ဖြေတတ်ဖို့လိုပါတယ်။ မိမိတို့ရဲ့နေကောင်းကျန်းမာခြင်းဆိုသည်မှာ ခန္ဓာကိုယ်မှာရှိသလို စိတ်မှာလည်းရှိပါတယ်။ "Living Being Mindful - သတိနှင့်နေထိုင်ခြင်း" သင်တန်းသည် ခန္ဓာကိုယ်ကျန်းမာခြင်းနဲ့စိတ်၏ကျန်းမာခြင်းကို အပြန်အလှန်ဂရုစိုက်တတ်သွားစေရန်၊ မိမိနေထိုင်ရတဲ့ လူ့ဘဝသက်တမ်းတစ်လျှောက်မှာ သတိ၊ အသိနှင့် နားလည်သဘောပေါက်ခြင်းတို့ဖြင့် စိတ်တည်ငြိမ်အေးချမ်းစွာ မိမိလိုချင်သော စိတ်သဏ္ဌာန်ပုံစံနှင့် ခန္ဓာကိုယ်တို့ကို ထိန်းသိမ်းပြီးနေထိုင်သွားနိုင်စေရန် ရည်ရွယ်ပါတယ်။

လူသားတွင် စိတ်၊ ခန္ဓာကိုယ်၊ စိတ်ခံစားချက်၊ မှတ်ဉာဏ်၊ စွမ်းအင်များဖြင့် ဖွဲ့စည်းထားပါတယ်။ မိမိစိတ်ကို ဘယ်လိုတည်ဆောက်ရမယ်၊ ကိုယ်လိုချင်တဲ့စိတ်အနေအထားရောက်ဖို့ ဘယ်လိုစီမံခန့်ခွဲ၊ ကိုင်တွယ်ရမယ်ဆိုတာကို ဘယ်ကျောင်းမှာမှ မသင်ခဲ့ရပါဘူး။ "သတိနှင့်နေထိုင်ခြင်း" သင်တန်းတွင် နှစ်ပေါင်း ၂၀ ကျော် စိတ်နဲ့ပတ်သက်ပြီး လက်တွေ့လေ့လာခဲ့တဲ့ Inner Well-Being Educator ၏ ကိုယ်ပိုင်အတွေ့အကြုံတွေကို ပြန်လည်မျှဝေလမ်းညွှန်ပေးမှာဖြစ်ပါတယ်။ သင်တန်းကို မတ်လ ၂၃ နှင့် ၂၄ ရက်နေ့ ရန်ကုန်တွင် ပြုလုပ်မှာဖြစ်ပြီး၊ သင်တန်းအပြီးမှာတော့ (ဘဝမှာမမျှော်လင့်ထားတဲ့) တစ်ဦးချင်းစီ၏ သင်တန်းတက်ရခြင်းရည်ရွယ်ချက်အားလုံးကို အပြည့်အဝရရှိစေမယ်လို့ အာမခံပါတယ်။

ဘယ်သူတွေတက်သင့်သလဲ။

  • အထီးကျန်နေသူများ
  • ဒေါသမထိန်းနိုင်သူများ
  • နောင်တနှင့်နေထိုင်သူများ
  • စိတ်ဖိစီးမှုဒဏ်ခံနေရသူများ
  • သောကပူပန်စိုးရိမ်စိတ်ဖြင့်နေထိုင်နေသူများ
  • အပျက်သဘောဆောင်သောခံစားချက်များနှင့်အတွေးများနေသူများ

သင်ကြားမည့်အကြောင်းအရာများ

  • စိတ်ဆိုတာဘာလဲ။
  • လူသားတို့၏တုံ့ပြန်မှုများ
  • အတွင်းအပြင်အာရုံသံသရာကို နားလည်သဘောပေါက်ခြင်း
  • ယုံကြည်မှုစနစ်
  • တရားထိုင်ခြင်း၏အကျိုးကျေးဇူးများကို အပြည့်အဝရယူခြင်း
  • စိတ်နှင့်ခန္ဓာကိုယ်ကို ပြန်လည်ချိတ်ဆက်ခြင်း
  • သတိရှိခြင်းကို ပစ္စုပ္ပန်တွင်လက်တွေ့ကျင့်သုံးခြင်း

ရရှိမည့်အကျိုးကျေးဇူးများ

  • သတိအသိရှိလာခြင်း
  • ညတိုင်းနှစ်ခြိုက်စွာအိပ်နိုင်ခြင်း
  • မိမိကိုယ်မိမိစိတ်ချယုံကြည်ခြင်း
  • လူတွေနဲ့ဆက်ဆံရေးပြေလည်လာခြင်း
  • စီးပွားရေးလမ်းကြောင်းများပိုမြင်တတ်လာခြင်း
  • စိတ်နှင့်ခန္ဓာကိုယ်တစ်စုတစ်စည်းတည်းနေထိုင်တတ်လာခြင်း
  • ခွန်အားပြည့်ဝစွာဖြင့် ကြုံတွေ့သမျှကိုရင်ဆိုင်နေထိုင်တတ်လာခြင်း

Living Being Mindful @Yangon

Date: March 23 & 24, 2024
Time: 9:00 AM - 4:00 PM
Venue: PBS Training Center, Diamond Tower, Hledan
Normal Fee: 360,000 MMK
Early Bird: 320,000 MMK (before Feb 29)
LBM Graduate: 180,000 MMK
Trainer: Thida Aung

REGISTER NOW

သင်တန်းသားတွေရဲ့စကားသံ

သင်တန်းတက်ပြီး ဒေါသတွေ၊ စိတ်မြန်တာတွေ၊ စိတ်လောတာတွေ သိသိသာသာ လျော့နည်းသွားတယ်။ အိမ်မှာ၊ မိသားစုမှာ ပွင့်လင်းအဆင်ပြေလာတယ်။ ကိုယ့်ဘက်တစ်ဖက်တည်းကြည့်ပြီး ခံစားတာထက် တခြားတစ်ဖက်ကပါကြည့်ပြီး နားလည်ခံစားပေးတတ်လာပြီး လူတွေကို ခွင့်လွှတ်တတ်လာပါတယ်။ ခွင့်လွှတ်တာထက် တီချယ်သီတာပြောပြသလို စိတ်ရှည်ပေးတတ်လာတယ်ဆို ပိုမှန်ပါတယ်။ ကျေးဇူးအများကြီးတင်ပါတယ် တီချယ်။

Su Mon Win Oo
LBM, Batch 11
Nov 27, 2023

ဒီ LBM သင်တန်းကိုတက်ပြီးတော့ ကျမလူတွေနဲ့ဆက်ဆံပြောဆိုတဲ့အခါ စိတ်ရှင်းပြီး ကိုယ့်ဖက်ကဝေဖန်ချင်တာတွေ မရှိတော့ဘူး။ ကိုယ့်ရင်ထဲမှာရှိတဲ့အတိုင်း ကြိုက်ရင်ကြိုက်တယ်၊ မကြိုက်ရင်မကြိုက်ဘူး ဗြောင်ပြောတတ်လာတယ်။ ပြောပြီးရင်လည်း ရင်ထဲမှာဘာမှမကျန်ခဲ့ဘူး။ ပြောပြီးရင်လည်း သူတော့ငါ့ကိုဘယ်လိုထင်သွားမလဲ၊ စိတ်မကောင်းဖြစ်သွားမလား စသဖြင့် အရင်တုန်းကလို guilt ဖြစ်တတ်တဲ့စိတ်တွေလည်း မရှိတော့ဘူး။ စိတ်ထဲမှာ freedom ပိုရလာတယ်လို့ပြောရမလားပဲ။ စိတ်တွေပိုလွတ်လပ်လာတယ်။ 😊 ဘာပဲလုပ်လုပ် အသိနဲ့သတိလေးကို ပိုကပ်ပြီးလုပ်ဖြစ်လာတယ်။ အရမ်းကောင်းတဲ့သင်တန်းလေးပါ။ မမသီတာ၊ ယမုံ၊ သဇင်တို့ကို ကျေးဇူးအများကြီးတင်ပါတယ်နော်။

May Cherry Aung
LBM, Batch 10
Aug 14, 2023

Inner voice ကို နားထောင်တတ်လာလို့ self-awareness ပိုရှိလာတယ်။ Anger ကို အရင်ကအရမ်းကြောက်တယ်။ ကိုယ့်မှာ anger ဖြစ်ရင်မကြိုက်သလို တခြားသူ anger ဖြစ်တာလည်း နားမလည်ပေးဘူး။ Anger က စိတ်ခံစားမှုတစ်ခုပဲ၊ ဟန်ဆောင်တာမပါလို့ authentic ဖြစ်တယ်ဆိုတာ တီချယ်ပြောတော့မှသိရပြီး ရင်ထဲပေါ့ပါးသွားတယ်။ စိတ်ဆိုတာ မိမိမဟုတ်၊ မိမိထံကိုခဏအလည်လာတာလို့သိရပြီး emotions ကို ဧည့်သည်လိုလက္ခံတတ်လာတော့ ငြိမ်းချမ်းလာတယ်။

ကိုယ့်ဘဝကို ရွေးချယ်ခွင့်မရခဲ့ဘူးထင်ခဲ့တယ်။ အခုမှ လိုချင်တဲ့ဘဝကို ရွေးချယ်လို့ရသလို create လုပ်လို့လည်းရတာသိတော့ ပျော်ရွှင်သွားတယ်။ ပတ်ဝန်းကျင်ကို ငါဘယ်လိုလူလို့ ချပြချင်တဲ့ပုံစံဝင်အောင်နေလိုက်တဲ့အတွက် being ပျောက်ဆုံးသွားတယ်။ သင်တန်းတက်မှ ကိုယ့်ရဲ့အစစ်အမှန်မဟုတ်တဲ့မျက်နှာဖုံး identity မြင်သွားတော့ အံ့သြရသလို တခြားသူတွေမှာလည်း ကိုယ်စီ identity ရှိတာ သဘောပေါက်သွားတယ်။ တံခါးချပ်များစွာပိတ်ခြင်းခံရတဲ့ စိတ်ရဲ့အတွင်းပိုင်းကိုရောက်အောင်သွားဖို့ တီချယ်၊ ယမုံ နဲ့ သဇင်တို့က master key လက်ဆောင်ပေးလိုက်တယ်။ ရောက်အောင်သွားဖို့က ကိုယ့်တာဝန်ပါပဲ။

Ei Myat Mon
LBM, Batch 10
Jul 28, 2023

ဒီသင်တန်းလေးက စိတ်နဲ့ပတ်သက်ပြီး အတွေးတွေကိုရပ်တန့်ချင်တဲ့သူတွေ၊ inner voice အကြောင်းသိချင်တဲ့သူတွေ ကောင်းကျိုးလေးတွေရှိတဲ့အတန်းလေး ဖြစ်ပါတယ်ရှင့်။ ညီမသည်လည်း စိတ်ပိုင်းဆိုင်ရာအားနည်းတယ်လို့ ပြောရမလား... အာ့မို့ ဒီသင်တန်းကပေးတဲ့တရားထိုင်နည်းလေးကို တစ်နေ့ ၃ ကြိမ် စပြီးထိုင်ဖြစ်ပါတယ်။ စိတ်တွေစပြီးအဆင်ပြေတယ်လို့ ခံစားရပါတယ်။ ကြိုက်တဲ့သင်တန်းလေးဖြစ်လို့ recommend ပေးပါတယ်ရှင့်။

Nan Yu Wai
LBM, Batch 10
Jul 28, 2023

ဒီသင်တန်းကိုတက်ပြီးတော့ ကျမဟာ ကိုယ့်အတွင်းစိတ်နဲ့ အမြဲစကားပြောဖြစ်တယ်။ ပျော်နေတယ်လို့လည်း ခံစားရတယ်။ အတွင်းစိတ်လေးက ကျမအတွက်အကောင်းဆုံး၊ လုံခြုံမှုပေးနိုင်ဆုံးလို့ ခံစားရတယ်။ အထီးကျန်တာလည်း မခံစားရတော့ဘူး။ သူနဲ့အမြဲအဖော်ရနေလို့လေ။ ကျမရဲ့အတွင်းစိတ်လေးက ကျမကိုအမြဲစောင့်ကြည့်နေတယ်။ မချုပ်ခြယ်ဘူး။ ဒါကြောင့် အမြဲသတိရှိနေတယ်။ လွတ်သွားတာနဲ့ သူကသတိရှိဖို့ အချက်ပေးတယ်။ ဒါကြောင့် ကိုယ်နဲ့ကိုယ်က အဆင်ပြေနေတယ်။ ကိုယ်နဲ့ကိုယ်အဆင်ပြေတော့ ဘေးပက်ဝန်းကျင်က လူဆိုးလာလာ လူကောင်းလာလာ၊ သူဌေးလာလာ ဆင်းရဲသားလာလာ၊ ပျော်ရွှင်စရာလား၊ ဝမ်းနည်းစရာလား အေးဆေးပဲ။ တုံ့ပြန်မှုက ရိုးရှင်းတယ်။ တစ်ထပ်တည်းကျတယ်။ တည်ငြိမ်နေတယ်။

အမြဲစိတ်ညစ် စိတ်ရှုပ်ထွေး၊ လောကကြီးကို လက်မြှောက်အရှုံးပေးပြီးနေထိုင်နေတဲ့ကျမကို လောကကြီးမှာ ပျော်ပျော်လေးအသက်ရှင်နေထိုင်တတ်ဖို့၊ အမှောင်ကျနေတဲ့ ကျမရဲ့ဘဝအခန်းကြီးတစ်ခန်းလုံးကို အလင်းရောင်တွေနဲ့ ထွန်းလင်းတောက်ပအောင်လုပ်ပေးလိုက်သူကတော့ Tr. Thida Aung ပါ။ ဒီသင်တန်းဟာ လူတိုင်းတက်သင့်တဲ့သင်တန်းပါ။ ဘာလို့လဲဆိုတော့ လူတိုင်းကပြောကြတယ် "လူတိုင်းက သူ့အပူနဲ့သူတဲ့" အဲ့အပူတွေကို Tr ရဲ့သင်တန်းကိုတက်ပြီးအေးလိုက်ကြပါလို့ တိုက်တွန်းချင်ပါတယ်။

Aye Aye Aung
LBM, Batch 10
Jul 27, 2023

အမေးများသောမေးခွန်းများ

Updated on Feb 6, 2024.
သင်တန်းစည်းကမ်းချက်များ
လက်တွေ့လေ့ကျင့်ဖို့ကူညီပေးလား။
Graduate ၏အကျိုးခံစားခွင့်များ
သင်တန်းဘယ်လိုအပ်ရမလဲ။

Stay in Touch

Thank you! Your subscription has been received!

Oops! Something went wrong while submitting the form