ရွှေဆွဲကြိုးတစ်ကုံးက အထုံးတစ်ခုထုံးမိနေရင် စိတ်ရှည်ရှည်နဲ့ ဖြေမှာလား၊ ဖြတ်ချလိုက်မှာလား။
ဘယ်သူမဆို စိတ်ရှည်ရှည်နဲ့ပဲ ဖြေမှာပါ။
ရွှေဆွဲကြိုးလေးတစ်ကုံးကိုတောင် စိတ်ရှည်ရှည်နဲ့ ဖြေဖြစ်ရင်... တန်ဖိုးမဖြတ်နိုင်တဲ့ ရင်သွေးလေးတွေနဲ့ ကိုယ့်ရဲ့ကြားထဲက ဆက်ဆံရေးအထုံးလေးတွေကို ဘာကြောင့် စိတ်ရှည်ရှည်ထားမဖြေနိုင်ရမှာလဲနော်။
မိဘနဲ့သားသမီးကြားက အထုံးလေးတွေပြေဖို့နဲ့ ရေရှည်ကောင်းမွန်တဲ့ဆက်ဆံရေး တည်ဆောက်သွားနိုင်ဖို့ရည်ရွယ်ပြီး မိဘရော ကလေးငယ်ကိုပါ သင်ကြားပေးမဲ့ "Parent Child Connection" Family Program ရှိပါတယ်။ ထူးခြားချက်အနေနဲ့... ဒီသင်တန်းအပ်တဲ့အခါ လူကြီးတစ်ယောက် + ကလေးတစ်ယောက် တက်ရပါမယ်။ လူကြီးအနေနဲ့ ဖေဖေ၊ မေမေ ဒါမှမဟုတ် အနီးကပ်စောင့်ရှောက်တဲ့ အုပ်ထိန်းသူလည်း တက်နိုင်ပါတယ်။ ကလေးကိုတော့... အသက် ၈ - ၁၂ ကြားတစ်စု၊ အသက် ၁၃ - ၁၇ ကြားတစ်စုဆိုပြီး အုပ်စု (၂) စုခွဲထားပါတယ်။
သင်ကြားမဲ့ပုံစံကတော့... လူကြီးတွေက ရက်သပ်သပ်၊ ၈ - ၁၂ ကြားအရွယ်လေးတွေက ရက်သပ်သပ်၊ ၁၃-၁၇ ကြားအရွယ်လေးတွေက ရက်သပ်သပ် Zoom ကနေ တက်ရပါမယ်။
သင်တန်းပြီးတဲ့အခါမှာ မိဘရော ကလေးငယ်ပါ နားလည်မှုအပြည့်နဲ့ ပျော်ရွှင်နွေးထွေးတဲ့ဆက်ဆံရေးတစ်ခုတည်ဆောက်နိုင်သွားမှာမလို့...
ဒါ့အပြင် မိဘလူကြီးတွေအနေနဲ့လည်း...
ဒီသင်တန်းလေးက ကလေးငယ်တွေကို ပြုပြင်ပြောင်းလဲစေဖို့အတွက်မဟုတ်ဘဲ အရွယ်အကူးအပြောင်းလေးတွေမှာ ကိုယ့်ကိုယ်ကိုယ်သေချာနားလည်ပြီး ဘယ်သူနဲ့မဆို လွတ်လပ်ပျော်ရွှင်တဲ့ဆက်ဆံရေးလေးတွေ တည်ဆောက်နိုင်စေဖို့ ရည်ရွယ်ပါတယ်။
ဒါကြောင့် ကိုယ့်ရင်သွေးလေးရဲ့ဘဝအချိုးအကွေ့တွေမှာ အထိအခိုက်မရှိ ရင်ဆိုင်ဖြတ်သန်းနိုင်ပြီး မိဘနဲ့ သားသမီးကြားအပြန်အလှန်နားလည်မှုရှိတဲ့ ဆက်ဆံရေးလေး တည်ဆောက်ချင်တယ်ဆိုရင်တော့ PCC သင်တန်းကို မိဘနဲ့ကလေး အတူတူတက်ရောက်ဖို့ ဖိတ်ခေါ်ပါတယ်။
Date: Start on Jan 10, 2025
Time: 7:00-9:30 PM (Yangon Time)
Fee: 1,050,000 MMK
Early Bird: 525,000 MMK
Language: Burmese
Trainer: Thida Aung