Inner Well-Being Quotes

Updated on
Aug 5, 2023
Thida Aung

စိတ်ဆိုတာ သင်ယုံကြည်ထားတာတွေအားလုံးကို စုစည်းထားခြင်းဖြစ်တယ်။

စိတ်ဖွင့်ထားခြင်းဆိုသည်မှာ အတွင်းသံတွေရှိနေတာကို သိနေခြင်း၊ အသိအမှတ်ပြုပြီးဘေးဖယ်ထုတ်ခြင်း၊ တစ်နည်းအားဖြင့် "စိတ်" မရှိခြင်းကိုဆိုလိုပါတယ်။ (Inner voice ကိုသတိထားမှ အသိအမှတ်ပြုလို့ရပါမယ်။ အသိအမှတ်ပြုလိုက်ရင်၊ ဝန်ခံလိုက်ရင် ဖြစ်နေတဲ့စိတ်တွေ အလိုလိုပျောက်သွားတတ်ပါတယ်။) စိတ်ဖွင့်ထားတတ်သွားလျှင် သင်ဟာဘဝကို အမြင်ဟောင်းတွေနဲ့မကြည့်ဘဲ အသစ်တစ်ဖန် ထပ်ခါထပ်ခါရှင်သန်နေထိုင်ဖို့ အဆင်သင့်ဖြစ်နေမှာပါ။

Jul 19, 2022

‍

တစ်စုံတစ်ရာအပေါ် အမှန်တကယ်မသိဘူးဟု ဝန်ခံပြီးအသိအမှတ်ပြုလိုက်တဲ့အခါ မွေးရာပါဉာဏ်ပညာက အလုပ်စလုပ်ပါတယ်။

Jul 11, 2022

‍

မွေးရာပါဉာဏ်ပညာ (Intelligence) ကို အသုံးမပြုနိုင်ကြတာက မိမိရဲ့အတွေး Inner Voice နဲ့ မှတ်ဉာဏ် Memory တွေရဲ့ဖုံးလွှမ်းထားမှုကြောင့်ပါ။

Jul 10, 2022

‍

မိမိရဲ့အမှန်တရားဆိုတာ မိမိကိုယ်တိုင်ရှာဖွေမှ တွေ့ရှိမှာဖြစ်ပါတယ်။

Jul 3, 2022

‍

Discovery of truth within you.

ဖန်တီးပြီးတွေ့ရှိတာက အမှန်တရားမဟုတ်ပါ။ ရှာဖွေပြီးတွေ့ရှိတာကမှ အမှန်တရားအစစ်ပါ။

Jul 3, 2022

‍

ဘဝကို အကျင့်နဲ့ဘောင်ခတ်နေထိုင်မယ့်အစား သတိနဲ့ရှင်သန်နေထိုင်ပါ။

Jul 2, 2022

‍

Thida Aung

Founder & Head Educator of TDA Life Education. Thida sees relationships as the center of every area in life, from failure to success, from happiness to fulfillment.