Quotes about Life

Updated on
Aug 6, 2022
Thida Aung

မိမိကိုယ်မိမိသိသလိုလိုနဲ့ လူတွေအကြောင်းကို မိမိရဲ့အထင်အမြင်တွေနဲ့ပြောဆိုခြင်းသည် မိမိကိုယ်မိမိ မသိခြင်းဖြစ်သည်။

Aug 5, 2022

‍

အမှန်တရားကိုရှာတွေ့ဖို့က ရိုးရှင်းပါတယ်။ လွယ်ကူပါတယ်။ နက်ရှိုင်းစွာကြည့်တတ်ဖို့ပဲ လိုအပ်ပါတယ်။

Jul 29, 2022

‍

Being vs. Identity

Identity: မိမိကိုယ်မိမိ မည်သူမည်ဝါပါဟုသတ်မှတ်ခြင်း (Mask) က ဘဝကိုရုန်းကန်လှုပ်ရှားပြီးနေထိုင်တဲ့အခါ (Survive လုပ်ရတဲ့အခါ) အသုံးပြုဖို့ပါ။

Being Possibilities: ဖြစ်တည်မှု ဖြစ်နိုင်ခြေများကိုဖန်တီးခြင်းက ဘဝကိုခွန်အားအပြည့်နဲ့ လိုအပ်တဲ့နေရာမှာလိုအပ်သလို လွတ်လပ်ပျော်ရွှင်စွာ ရှင်သန်ဖန်တီးနေထိုင်ဖို့ပါ။

Jul 14, 2022

‍

သင်ယူရတာက ပြဿနာမဟုတ်ပါ။ သင်ထားပြီးသားကို ပြန်ဖယ်ထုတ်ရတာက ပြဿနာပါ။

Jul 11, 2022

‍

Living with Breakdowns and Breakthroughs in Life

ဘဝဆိုတာ breakdown နဲ့ breakthrough တွေကြားထဲမှာ ရှင်သန်နေထိုင်ကြရတာပါ။ Moment တိုင်းမှာ breakthrough တွေဖြစ်နေဖို့အတွက်က breakdown ဆိုတာ ရှိကိုရှိရပါတယ်။ Breakdown ဖြစ်လာတိုင်း breakthrough အတွက် ဖြစ်ဖို့အတွက်ပေါ်လာတာလို့ အသိအမှတ်ပြုပါ။

လူ့သဘာဝကိုက Breakthrough ဖြစ်ပြီးတိုင်း confidence တိုးလာမယ်၊ ပြီးရင် နောက်တစ်ဆင့် (မိမိလိုချင်တဲ့နေရာ) ကို တက်လှမ်းချင်ကြတယ်။ လူတိုင်း မိမိမရောက်ဖူး၊ မကြုံဖူးသေးတဲ့နေရာကိုသွားတဲ့လမ်းတစ်လျှောက်မှာ breakdown နဲ့ကြုံတွေ့တတ်ပါတယ်။ Breakdown နဲ့မကြုံချင်ရင်တော့ မိမိလိုချင်တဲ့ဘဝကိုရောက်မှာမဟုတ်ပါဘူး။

ဘဝကို ခွန်အားအပြည့်နဲ့ရှင်သန်နေထိုင်လိုရင် မိမိရဲ့စကားအသုံးအနှုန်းတွေကို သတိထားပေးပါ။ သုံးနှုန်းလိုက်တဲ့ မိမိရဲ့ကိုယ်ပိုင်စကားက မိမိကိုခွန်အားဖြစ်စေသလား၊ ခွန်အားကျစေသလားဆိုတာကို ဆင်ခြင်ကြည့်ပါ။ ဥပမာ - ကြုံလာတဲ့အခက်အခဲတွေကို ပြဿနာ (Problem) လို့သုံးနှုန်းမယ့်အစား ယိုယွင်းမှု (Breakdown) လို့ ပြောဆိုသုံးနှုန်းကြည့်ပါ။ ဘာကိုဆိုလိုလဲဆိုတာ နားလည်သဘောပေါက်မယ်ထင်ပါတယ်။

Jul 9, 2022
Thida Aung

Founder & Head Educator of TDA Life Education. Thida sees relationships as the center of every area in life, from failure to success, from happiness to fulfillment.