လူတိုင်းမှာ ငယ်စဉ်ဘဝရဲ့ childhood drama နဲ့ trauma အနည်းနဲ့အများ ရှိတတ်ကြပါတယ်။ Childhood trauma မရဖို့အတွက် မိဘ၊ အုပ်ထိန်းသူ၊ ဆရာသမားတွေအနေနဲ့ ကလေးငယ်အပေါ် ဂရုစိုက်ပေးနိုင်ပေမယ့် childhood drama အတွက်ကတော့ ကလေးတွေကိုယ်တိုင် သိရှိလုပ်ဆောင်ဖို့ လိုအပ်ပါတယ်။
စကားနားမထောင်ဘူး၊ ပြန်ပြောတယ်၊ ရိုင်းတယ် စသဖြင့် လူကြီးတွေအမြင်မှာ မလိမ္မာဘူးထင်ရတဲ့ ၈-၁၂ နှစ်ကြားကလေးတွေဟာ... တကယ်တော့ ဆိုးသွမ်းနေတဲ့ကလေးတွေ မဟုတ်ပါဘူး။ သူတို့အနေနဲ့ နေသားကျနေတဲ့ မိဘရင်ခွင်/မိသားစုပတ်ဝန်းကျင်အပြင် ကျောင်း/သင်တန်း/သူငယ်ချင်းဆိုတဲ့ ပြင်ပ society နဲ့စတင်ထိတွေ့လာတဲ့အခါ... မိမိရဲ့မူလ self-expression ကိုလည်း မထိခိုက်၊ အများနဲ့လည်း လိုက်လျောညီထွေဖြစ်မယ့် ပေါင်းသင်းဆက်ဆံရေးပုံစံကို ရှာမတွေ့သေးလို့ပါ။
အသက် ၈-၁၂ နှစ်ကြား Pre-Teen တွေဟာ "မိမိဘယ်သူလဲ။ ဘယ်လိုလူမျိုးဖြစ်ချင်သလဲ" ဆိုတာကို သေချာသိသွားမယ်၊ မိမိရဲ့ emotion တွေကို သေချာထိန်းကျောင်းတတ်သွားမယ်ဆိုရင် puberty ဆိုတဲ့ အကူးအပြောင်းမှာ peer pressure ဒဏ်ကိုမခံရဘဲ မိမိရဲ့ပုံစံအတိုင်း လွတ်လွတ်လပ်လပ်၊ ပျော်ပျော်ရွှင်ရွှင် နေထိုင်သွားနိုင်ပါတယ်။
Young People Course ကို တစ်နှစ်လျှင် တစ်ကြိမ်သာ ဖွင့်ပါတယ်။ အသက် ၁၈ နှစ်အောက်သင်တန်းဖြစ်သည့်အတွက် အောက်ပါစည်းမျဉ်းများနှင့်အညီ သင်တန်းအပ်နှံနိုင်ပါတယ်။
(၁) အုပ်ထိန်းသူသည် DYR (သို့မဟုတ်) LBM သင်တန်းတစ်ခုခုကို တက်ထားပြီးသူ ဖြစ်ရပါမယ်။
အုပ်ထိန်းသူတစ်ဦးက TDA Life Education ၏သင်ကြားမှုကို ရင်းနှီးနားလည်နေခြင်းဖြင့် မိမိ၏ကလေးကို သင်တန်းကာလအတွင်း support ပေးနိုင်သည့်အပြင် ရေရှည်မှာလည်း ဆက်ဆံရေးပြေလည်စေဖို့ အထောက်အကူပြုပါတယ်။
(၂) အုပ်ထိန်းသူဆန္ဒကြောင့် မဟုတ်ဘဲ Pre-Teen ကိုယ်တိုင် သင်တန်းတက်လိုတဲ့ဆန္ဒရှိမှ တက်ခွင့်ရှိပါတယ်။
သင်တန်းအကြောင်းကို ကလေးကိုယ်တိုင် လာရောက်နားထောင်နိုင်ဖို့ Introduction စီစဉ်ထားပါတယ်။ Free session ပါ။ ကလေးကိုယ်တိုင် တက်ရမှာပါ။ အုပ်ထိန်းသူများအတွက် မဟုတ်ပါ။
မှတ်ချက် ။ Young People Course (Age 8-12) သည် fixing & changing အတွက် သင်ကြားပေးမည် မဟုတ်ပါ။ Pre-Teen အရွယ် ဘဝသက်တမ်းအကူးအပြောင်းမှာ စိတ်ချမ်းသာ၊ လွတ်လပ်ပျော်ရွှင်စွာနဲ့ မိမိကိုယ်မိမိ သတိရှိစွာနေတတ်ဖို့ tools & techniques ထည့်ပေးရုံသာမက လေ့ကျင့်နည်းများပါ ညွှန်ကြားပေးမှာဖြစ်ပါတယ်။
Date: Nov 15, 16, 17, 2024
Time: 7:00 - 9:30 PM (Yangon Time)
Fee: 300,000 MMK
Language: Burmese
Trainer: Thida Aung