"နေကောင်းလား" လို့မေးခံရတဲ့အခါ ခန္ဓာကိုယ်နေကောင်းပါတယ်၊ စိတ်နေကောင်းပါတယ်လို့ ခွဲခြားပြီးပြန်ဖြေတတ်ဖို့လိုပါတယ်။ မိမိတို့ရဲ့နေကောင်းကျန်းမာခြင်းဆိုသည်မှာ ခန္ဓာကိုယ်မှာရှိသလို စိတ်မှာလည်းရှိပါတယ်။ "Living Being Mindful - သတိနှင့်နေထိုင်ခြင်း" သင်တန်းသည် ခန္ဓာကိုယ်ကျန်းမာခြင်းနဲ့စိတ်၏ကျန်းမာခြင်းကို အပြန်အလှန်ဂရုစိုက်တတ်သွားစေရန်၊ မိမိနေထိုင်ရတဲ့ လူ့ဘဝသက်တမ်းတစ်လျှောက်မှာ သတိ၊ အသိနှင့် နားလည်သဘောပေါက်ခြင်းတို့ဖြင့် စိတ်တည်ငြိမ်အေးချမ်းစွာ မိမိလိုချင်သော စိတ်သဏ္ဌာန်ပုံစံနှင့် ခန္ဓာကိုယ်တို့ကို ထိန်းသိမ်းပြီးနေထိုင်သွားနိုင်စေရန် ရည်ရွယ်ပါတယ်။
လူသားတစ်ယောက်က လူသားဖြစ်ရခြင်းသဘာဝအရ စိတ်၊ ခန္ဓာကိုယ်၊ စိတ်ခံစားချက်၊ မှတ်ဉာဏ်၊ စွမ်းအင်တွေနဲ့ နေ့စဉ်အသက်ရှင်သန်နေထိုင်နေရပေမယ့် မိမိစိတ်ကို ဘယ်လိုတည်ဆောက်ရမယ်၊ ကိုယ်လိုချင်တဲ့ စိတ်အနေအထားရောက်ဖို့ ဘယ်လိုစီမံခန့်ခွဲကိုင်တွယ်ရမယ်ဆိုတာကိုတော့ ဘယ်ကျောင်းမှာမှ မသင်ခဲ့ရပါဘူး။ "သတိနှင့်နေထိုင်ခြင်း" သင်တန်းမှာတော့ နှစ်ပေါင်း ၂၀ ကျော် စိတ်နဲ့ပတ်သက်ပြီး လက်တွေ့လေ့လာလိုက်စားခဲ့တဲ့ Inner Well-Being Educator ရဲ့ကိုယ်ပိုင်အတွေ့အကြုံတွေကို ပြန်လည်မျှဝေလမ်းညွှန်ပေးမှာဖြစ်ပါတယ်။ လေးရက်ခွဲသင်တန်းအပြီးမှာ (ဘဝမှာမမျှော်လင့်ထားတဲ့) တစ်ဦးချင်းစီ၏ သင်တန်းတက်ရခြင်းရည်ရွယ်ချက်အားလုံးကို အပြည့်အဝရရှိစေမယ်လို့ အာမခံပါတယ်။
Date: Coming Soon
Time: 7:30-10:30 PM (Yangon Time)
Fee: 250,000 MMK
Language: Burmese
Trainer: Thida Aung
LBM သင်တန်းလေးတက်ခွင့်ရခဲ့လို့ ကျေးဇူးတင်ပါတယ် တီချယ်ရှင့်။ ဒီသင်တန်း (၄) ရက်တာအချိန်လေးမှာ မိမိလိုချင်သောစိတ်နှင့်ခန္ဓာကိုယ်တို့ကို ဘယ်လိုနေထိုင်သွားရမယ်ဆိုတာ ရှင်းရှင်းလင်းလင်းသိခွင့်ရခဲ့ပါတယ်။ ပိုပြီးကြိုးစားနေထိုင်သွားပါမယ်ရှင့်။ အခုဆို inner voice ကို အမြဲနားထောင်ဖြစ်လာပါတယ်။ စိတ်ညစ်စရာ၊ ဒေါသဖြစ်စရာစိတ်လေးပေါ်လာခဲ့ရင် ဒါ inner voice လေးကပြောနေတာဆိုပြီး အသိအမှတ်ပြုတတ်လာပါတယ်။ ကိုယ်တိုင်နဲ့သူများတွေအပေါ် ဘယ်လို AAL မျိုးနဲ့နားထောင်မိပြီး ပြုမူနေသလဲဆိုတာကိုပါ သိရှိလာပါတယ်။ စိတ်က story တွေဖန်တီးနေတယ်ဆိုတာ သိလာပါတယ်။ မိမိရင်ဆိုင်နေရတဲ့ breaking the circle ကို တီချယ်နဲ့တွေ့ပြီး ကွင်းကွင်းကွက်ကွက်ကြီးကိုတွေ့မြင်လာရပါတယ်။
အရင်က စိတ်နဲ့ပတ်သက်ပြီး တစ်နေ့တာဖြတ်သန်းမှုမှာ မကျေနပ်ချက်တွေနဲ့ဖြတ်သန်းနေရာကနေ တီချယ်နဲ့တွေ့ပြီး မိမိစိတ်မကျေနပ်မှုတွေကို သေချာသိရှိလာခဲ့ပါတယ်။ ပစ္စုပ္ပန်မှာ စိတ်နဲ့ကိုယ် ကျန်းမာချမ်းသာခြင်းဖြင့် သတိနှင့်နေထိုင်တတ်လာဖို့ ပိုမိုသိရှိနားလည်လာပါတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း အရင်ထက်အများကြီးကျေးဇူးတင်လာမိပါတယ်ရှင့်။ တီချယ်၊ ညီမယမုံနှင့် တီချယ့် team, အတူတူတက်ရောက်ခဲ့ကြတဲ့ Batch 4 မှ မောင်နှမတွေကိုလည်း ကျေးဇူးတင်ပါတယ်။ နောက်ထပ် တီချယ်ရဲ့ LBM သင်တန်းနဲ့အခြားသင်တန်းများကိုတက်ဖို့ ဆုံးဖြတ်ထားပါတယ်ရှင့်။ ကျေးဇူးတင်ပါတယ်။ 💛
Living Being Mindful သင်တန်းဟာ လူတိုင်းတက်သင့်တဲ့သင်တန်းလေးပါ။ သင်တန်းမှာ တီချယ်က မွေးသည်မှသေသည်အထိ ဘယ်လိုရှင်သန်နေထိုင်သင့်တယ်ဆိုတာကို စာတွေ့ရော လက်တွေ့ပါ သင်ကြားပေးပါတယ်။ ကိုယ့်ဘဝရဲ့အခက်အခဲအချိုးအကွေ့တွေကို ဘယ်လိုရင်ဆိုင်ကျော်ဖြတ်ရမယ်ဆိုတာကို အသေးစိတ်လက်တွေ့ကျကျ အဖြေရှာပေးပါတယ်။ ကျွန်မအတွက်တော့ ဒီသင်တန်းတက်ခွင့်ရတာ ဘဝမှာ ရတနာသိုက်ကြီးကိုရှာတွေ့ခဲ့ရသလို အကျိုးရှိခဲ့ပါတယ်။ ကျေးဇူးတင်ပါတယ် တီချယ်နဲ့ မယမုံ TDA team member များ အားလုံးရှင့်။ 🙏
Training ၄ ရက်အတွင်း အရမ်းစိတ်ရှည်တဲ့အပြင် ကိုယ့်စိတ်ကနေဖြစ်လာသမျှအရာတစ်ခုစီကို အမြင်နဲ့အတွေးတွေကို အပြစ်မမြင်တတ်အောင် ဘယ်လိုလေးလုပ်ရမယ်၊ တွေးမြင်ရမယ်ဆိုတာကအစ သေချာလေးပြောပြပေးတယ်။ နောက်ပြီး group discussion လေးတွေလုပ်ပေးတာကိုလည်း အရမ်းသဘောကျပါတယ်။ သင်တန်းဆိုပေမယ့် ကိုယ့်အမြင်သူ့အမြင်ဆွေးနွေးနေရတာလေးတွေကို ပြောပြရတယ်။ လူတိုင်းက ဒီအချိန်မှာ စိတ်နဲ့ပတ်သက်ပြီး အများဆုံးမွန်းကြပ်နေရတာ၊ အတွေးတွေများနေရတာတွေကို... ကိုယ့်ခေါင်းထဲရောက်ရောက်လာတဲ့အတွေးဆိုတာဘာလဲ၊ ဘယ်လိုခေါ်လဲဆိုတာမျိုးကအစ သေချာလေးလည်းပြောပြပေးတယ်။ တစ်ရက်ပြီးတစ်ရက်မှာလည်း Assignment ဆိုတာလေးတွေ အိမ်စာပေးတာမျိုးကလည်း ကိုယ်တစ်ရက်သင်တန်းတက်ပြီး ဒီသင်တန်းနဲ့ပတ်သက်ပြီး ကိုယ်ဘယ်လိုနားလည်တယ်ဆိုတာမျိုး ပိုပြီးသိမြင်စေတယ်လို့မြင်မိတယ်။ ဒါကြောင့်မို့ ဒီသင်တန်း ၄ ရက်ကိုတက်ခွင့်ရတဲ့အတွက် အများကြီးကျေးဇူးတင်ပါတယ်ရှင့်။
LBM သင်တန်းမှာ မိမိရဲ့စိတ်ကိုထိန်းချုပ်ခြင်းထက် လက်ခံပြီးရှေ့ဆက်သွားနိုင်တာလေးက အရမ်းကိုအကျိုးရှိစေပါတယ်။ စိတ်ရဲ့သဘောသဘာဝကိုနားလည်ပြီး စိတ်တွေ၊ အတွေးတွေက တွေးတောခြင်းမှစ၍ အပြုအမူတွေပြုလုပ်တုံ့ပြန်ကာ မိမိအပေါ်နဲ့ သူတစ်ပါးအပေါ်သက်ရောက်မှုမဖြစ်အောင်ဘယ်လိုလုပ်ရမလဲနှင့် ဖြစ်သွားခဲ့လျှင်လည်း ဘယ်လိုစိတ်ထားဖို့၊ ဖြေရှင်းဖို့ စသဖြင့် လက်တွေ့အသုံးချနိုင်တဲ့နည်းစနစ်တွေကိုရရှိလိုက်ပါတယ်။ မိမိကိုယ်တိုင်လည်း နှစ်ရှည်လများသိုသိပ်ဖိထားတဲ့ ခံစားချက်၊ အတွေး၊ တုံပြန့်မှန်းမသိတုံပြန့်နေတာတွေကို သတိလေးထားမိလာပြီး သိလိုက်ရပါတယ်။ The power of acceptance & living in the present ရဲ့အစွမ်းကို သေချာနားလည်ခွင့်ရလိုက်ပါတယ်ရှင်။ မိမိကိုယ့်ကိုယ်ကိုယ်လက်မခံထားတဲ့အရာတွေ၊ ခံစားချက်တွေ အရမ်းဖြစ်လာပြီဆိုရင် အရှိအရှိတိုင်းလက်ခံနိုင်ပြီး move on လုပ်နိုင်ဖို့ကို ကိုယ်တိုင်သင်တန်းမှာကြုံတွေ့ပြီး move on လုပ်နိုင်တဲ့အထိရခဲ့တဲ့အတွက် တီချယ်သီတာအောင်နဲ့ မယမုံကို အထူးပင်ကျေးဇူးတင်ပါတယ်ရှင်။ LBM သင်တန်းကို တက်ရောက်ဖို့ 100% Recommend ပါ။
ကိုယ့်ကိုအမြဲနှောင့်ယှက်နေတဲ့ အပျက်သဘောဆောင်တဲ့ Inner Voice လေးတွေရဲ့သဘာဝနဲ့ ဘာကြောင့်ဖြစ်လာတာလဲဆိုတဲ့ root ကိုရှာဖွေပြီး ဘယ်လို identity တွေတက်ခဲ့သလဲဆိုတာကိုသိခဲ့ရလို့ မလိုအပ်တဲ့မျက်နှာဖုံးတွေကို ရဲရဲကြီးဖြုတ်ချ၊ Being နဲ့နေတတ်လာပြီး အတိတ်ရဲ့အတ္တနဲ့ရှင်သန်နေတဲ့စိတ်တွေက အနာဂတ်ဆီကိုရောက်ရောက်နေတာကို နားလည်သဘောပေါက်ပြီး အနာဂတ်ထဲကအတိတ်တွေကိုရှင်းထုတ်နိုင်တာမို့ အနာဂတ်မှာအနာဂတ်အတွက် နေရာလွတ်တွေအများကြီးရှိလာတာမို့ ကိုယ့်စိတ်ကြိုက်အနာဂတ်ကို စိတ်ကြိုက်ဖော်ဆောင်နိုင်ပြီး သတိအားကောင်းအောင် စိတ်ချမ်းသာစွာ၊ အေးချမ်းစွာနေထိုင်တတ်စေဖို့သင်ကြားပေးတဲ့ အရမ်းကောင်းတဲ့ Mindfulness သင်တန်းဖြစ်လို့ Teacher Thida Aung ကို ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။