"နေကောင်းလား" လို့မေးခံရတဲ့အခါ ခန္ဓာကိုယ်နေကောင်းပါတယ်၊ စိတ်နေကောင်းပါတယ်လို့ ခွဲခြားပြီးပြန်ဖြေတတ်ဖို့လိုပါတယ်။ မိမိတို့ရဲ့နေကောင်းကျန်းမာခြင်းဆိုသည်မှာ ခန္ဓာကိုယ်မှာရှိသလို စိတ်မှာလည်းရှိပါတယ်။ "Living Being Mindful - သတိနှင့်နေထိုင်ခြင်း" သင်တန်းသည် ခန္ဓာကိုယ်ကျန်းမာခြင်းနဲ့စိတ်၏ကျန်းမာခြင်းကို အပြန်အလှန်ဂရုစိုက်တတ်သွားစေရန်၊ မိမိနေထိုင်ရတဲ့ လူ့ဘဝသက်တမ်းတစ်လျှောက်မှာ သတိ၊ အသိနှင့် နားလည်သဘောပေါက်ခြင်းတို့ဖြင့် စိတ်တည်ငြိမ်အေးချမ်းစွာ မိမိလိုချင်သော စိတ်သဏ္ဌာန်ပုံစံနှင့် ခန္ဓာကိုယ်တို့ကို ထိန်းသိမ်းပြီးနေထိုင်သွားနိုင်စေရန် ရည်ရွယ်ပါတယ်။
လူသားတစ်ယောက်က လူသားဖြစ်ရခြင်းသဘာဝအရ စိတ်၊ ခန္ဓာကိုယ်၊ စိတ်ခံစားချက်၊ မှတ်ဉာဏ်၊ စွမ်းအင်တွေနဲ့ နေ့စဉ်အသက်ရှင်သန်နေထိုင်နေရပေမယ့် မိမိစိတ်ကို ဘယ်လိုတည်ဆောက်ရမယ်၊ ကိုယ်လိုချင်တဲ့ စိတ်အနေအထားရောက်ဖို့ ဘယ်လိုစီမံခန့်ခွဲကိုင်တွယ်ရမယ်ဆိုတာကိုတော့ ဘယ်ကျောင်းမှာမှ မသင်ခဲ့ရပါဘူး။ "သတိနှင့်နေထိုင်ခြင်း" သင်တန်းမှာတော့ နှစ်ပေါင်း ၂၀ ကျော် စိတ်နဲ့ပတ်သက်ပြီး လက်တွေ့လေ့လာလိုက်စားခဲ့တဲ့ Inner Well-Being Educator ရဲ့ကိုယ်ပိုင်အတွေ့အကြုံတွေကို ပြန်လည်မျှဝေလမ်းညွှန်ပေးမှာဖြစ်ပါတယ်။ လေးရက်ခွဲသင်တန်းအပြီးမှာ (ဘဝမှာမမျှော်လင့်ထားတဲ့) တစ်ဦးချင်းစီ၏ သင်တန်းတက်ရခြင်းရည်ရွယ်ချက်အားလုံးကို အပြည့်အဝရရှိစေမယ်လို့ အာမခံပါတယ်။
Date: Coming Soon
Time: 7:30-10:30 PM (Yangon Time)
Fee: 250,000 MMK
Language: Burmese
Trainer: Thida Aung
သင်တန်းလေးက ကိုယ့်ဘဝကို ကိုယ့်လက်ထဲပြန်ထည့်ပေးလိုက်သလိုပါပဲ။ ကိုယ်မမြင်ခဲ့တဲ့ ကိုယ့်ကိုယ်ကိုယ်ပြန်မြင်ရတယ်။ ကိုယ်လက်မခံနိုင်တဲ့ ကိုယ့်ကိုယ်ကိုယ်ပြန်လက်ခံလာနိုင်ခဲ့တယ်။ လူရဲ့သဘာဝကို ပိုပြီးနားလည်လာပါတယ်။ ဘဝရဲ့နေ့သစ်တွေကို ကျေကျေနပ်နပ်ကြီးရှေ့ဆက်ဖို့အတွက် ခွန်အားတွေရလိုက်ပါတယ်ရှင်။ ကျေးဇူးအများကြီးအများကြီးတင်ပါတယ်။ ❤️
ပေးရတဲ့သင်တန်းကြေးနဲ့ ပြန်ရတဲ့ knowledge တွေက အံ့မခမ်းပါပဲ။ ဘဝကိုထင်သလိုမဖြစ်ဘဲ စိတ်ကျစရာများလာတဲ့အတွက် တခြားသော energy work class တွေနဲ့ Astrology တချို့ကိုလေ့လာခဲ့ဖူးတယ်။ LBM အတန်းတက်လိုက်တော့မှ အရာအားလုံးရဲ့အခြေခံဟာ မိမိစိတ်ပါလား၊ စိတ်ကပုံဖော်လိုက်တဲ့အခါ လက်တွေ့ဘဝမှာ ဘယ်လောက်ထိသက်ရောက်သလဲဆိုတာအထိ သိရှိခဲ့ရတယ်။ အခုဆို သတိလေးကပ်ပြီး မိမိကိုယ်ကိုခွင့်လွှတ်ပြီး မေတ္တာထားတတ်လာတာတွေက တီချယ်သီတာအောင်နဲ့ မယမုံရဲ့ကျေးဇူးတွေကြောင့်ပါ။ So excited to attend the next class. 🥰🥰🥰